တချို့စက်တွေမှာ ဖြစ်ပေါ်တတ်တဲ့ ပြဿနာလေးတစ်ခုကို တင်ပြပေးပါရစေ..
အိမ်မှာဖြစ်ဖြစ်..ရုံးမှာဖြစ်ဖြစ် နက်ဝပ်ချိတ်တယ်ဆိုပါစို့..
ချိတ်ပြီးသွားရင်..ဖိုင်တွေကို စက်တစ်လုံးနဲ့တစ်လုံးသယ်ယူနိုင်ဘို့ shared folder တွေ
တည်ဆောက်ထားတတ်ကြပါတယ်....
ဒီလိုလုပ်ရာမှာ shared လဲပေးပြီးပါရက်နဲ့ ဖိုင်တွေလဲထည့်ထားပါရက်နဲ့
ထည့်ထားတဲ့ဖိုင်ကို တစ်ဘက်စက်က လှမ်းယူလို့မရဖြစ်နေတတ်ပါတယ်...
ဒီအခက်အခဲလေးကို ဖြေရှင်းဘို့ administrator တစ်ယောက်အနေနဲ့
အခက်ကြုံလာရင်တော့..
ခုတင်ပြထားတဲ့အတိုင်းသာ စီစဉ်ပေးလိုက်ပါ..
1) window Explorer > Tools > Folder Option > view >
use Simple file shared ကို uncheck ပေးပြီး OK လုပ်ပါ။
2) shared folder ကို Right Click လုပ်ပါ shared and Security >
sharing > Permission > Full contorl ကို check လုပ်ပါ။
3) ပြီးရင် စက်ကို restart ချပေးပါ။
ဒါဆို files တွေကို စိတ်ကြိုက် shared ပေးနိုင်ကြပါပြီ။
အဆင်ပြေပါစေ။
No comments:
Post a Comment