Friday, 7 August 2009

to appear explorer auto

Explorer auto ပေါ်လာရန်
ကွန်ပျုတာကို စဖွင့်လိုက်တဲ့ အချိန်မှာ Desktop ကြီးပေါ်လာပြီးဆိုပါတော့
အဲဒီအချိန်မှာ Desktop ပေါ်မှာ Taskbar တို့ desktop ပေါ်မှာရှိတဲ့ icon တို့ ဆိုတာတွေဘာမှ မရှိဘူး။
သူလုပ်တဲ့နည်းလမ်းလေး တစ်ခုကို ပြောပြပါရစေ
အရေးပေါ်လွယ်လွယ်ကူကူလုပ်တဲ့နည်းလမ်းလေးပါခင်ဗျာ
Ctrl+Alt+Delete ကို နိုပ်၍ TaskManager ကိုဖွင့်ပါတယ် ပြီးတော့ New Task ကို ကလစ်တယ် ပေါ်လာတဲ့ box လေးမှ Browse ကိုကလစ်တယ် My Computer > C: > Windows အထိသွားတယ် ပြီးရင် explorer.exe ရှာတယ် တွေရင် ရွေး၍ open တို့ ok တို့ နဲ့ ထွက်လာတယ်

ဒါဆိုရင် Desktop ပေါ်မှ သာမန်ပေါ်နေကြအတိုင်း Taskbar တို့  Desktop ပေါ်မှာရှိနေသင့်တဲ့အရာတွေ အားလုံးမြင်ရပြီးခင်ဗျာ
ဒါဟာ Manual လုပ်နည်းပါ Normal Startup မဟုတ်ပါဘူး
ဒါကို Manual မလုပ်ဘဲ ပုံမှန် windows တက်ရိုးတက်စဉ်အတိုင်း တက်စေချင်ရင်…
(၁) runbox တွင် regedit ကိုရိုက်၍ enter နိုပ်ပါ
(၂) ဘယ်ဘက်အခြမ်းတွင်ရှိ Hkey Local Machine >Software > Microsoft > Windows NT > Winlogon အထိသွားပါ။
(၃) ပြီးရင် ညာဘက်အခြမ်းတွင် Shell ကို နှစ်ချက်ကလစ်ပါ။ Value Data တွင် explorer.exe ဟုသာရှိရပါမည်။ အခြားစာသားများ ဖြစ်ပေါ်နေပါက ဖျက်၍ explorer.exe ဟုရိုက်ထည့်၍ OK နှင့်ထွက် restart လုပ် windows ပြန်တက်လာလျှင် အားလုံးအဆင်ပြေနေပါလိမ့်မည်။

No comments:

Post a Comment