Friday 7 August 2009

မော်ဒယ်

မော်ဒယ်အကြောင်း တစေ့တစောင်း


Add Image
ကျနော်တို့ အားလုံးသိနေတဲ့ မော်ဒယ် အေးမြတ်သူ ၊ မိုးယုစံ တို့တော့မဟုတ်ပါဘူးဗျာ။ Model ဆိုတာ ပုံစံငယ်၊ စီမံချက်၊ ကြိုတင်ကြံဆချက်၊ အထူးသဖြင့် Miniature သို့မဟုတ် main object တွေ system နှင့် concept တွေရဲ့ ပုံကြမ်းကို သရုပ်ဖော်ရေးသားခြင်းလို့ ဆိုနိုင်ပါသည်။ model ဆိုတဲ့ စကားလုံးဟာ Latin စကားလုံး “modelium” ဆိုတဲ့ဝေါဟာရကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ဆိုလိုရင်း အဓိပ္ပာယ်ကတော့ အတိုင်အတာ ပမာဏ၊ ခန့်မှန်း တွက်ချက်၊ အရေအတွက် အရွယ်အစား တွေကို တွက်ချက်တိုင်းတာဖို့ နည်းလမ်း ၊ နည်းပညာ အစရှိသဖြင့် ဖွင့်ဆိုနိုင်ပါသည်။ အကြာင်းအရာ တစ်ခုကို လက်တွေ့အကောင်အထည်ဖော်ခြင်း မပြုလုပ်မှီ ကြိုတင် စိတ်ကူးယဉ် ပုံဖော်ခြင်းလို့ဆိုရင်လဲ မမှားနိုင်ပါဘူး။ A model is an abstract representation of an item or a concept—a car, a plane, or a building—or a part of something, such as a tire, a wing, or a room. Main object တစ်ခုခုကို ဖန်းတီးတည်ဆောက်ကြပါစို့ ဥပမာ။ Building တစ်ခု တည်ဆောက်ဖို့ဆိုရင် အရင်ဆုံး Architect တစ်ယောက်ဟာ စာရွက်ပေါ် သို့မဟုတ် ကွန်ပျူတာတွင် အဆောက်အဦးပုံစံကို တူ၊ သံချောင်း အစရှိသည့် မပါပဲ Design အရင်ရေးဆွဲပါသည်။ တကယ်လို့ မိမိရေးဆွဲလိုက်သော Building ဟာ complex ဖြစ်လျှင် Architect က အဆောက်အဦးရဲ့ small physical model ကို တည်ဆောက်လိုက်ပါသည်။ ထိုသို့တည်ဆောက်လိုက်ခြင်းဟာ မိမိရေးဆွဲထားသော အဆောက်အဦးရဲ့ appearance နှင့် aesthetics ကို judge လုပ်ဖို့ဖြစ်ပါသည်။ Model တခု ဖန်းတီးလိုက်ခြင်းရဲ့ အရေးကြီးဆုံး တစ်ချက်က Architect ရဲ့ conception လူတိုင်းတွေ့မြင်နိုင်ပြီး ဒီထက် improve ဖြစ်လာအောင် ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဖြစ်ပါသည်။ အခုလို့ ပုံစံငယ် အရင် တည်ဆောက်ဖန်တီးလိုက်ခြင်းသည် လက်တွေ့တည်ဆောက်ရာတွင် မိမိကိုယ်ကို Confidence တွေမြင့်မားလာနိုင်ပါသည်။ အကျဉ်းအားဖြင့် ပြောပြရရင် Models သည် Designer ၏ intentions နှင့် actual results အကြား ကွာဟမှုတွေ၊ ခြားနားချက်တွေကို reduce လုပ်ပေးပါသည်။ Model ကို အသုံးပြုခြင်းကြောင့် သုတေသနလုပ်ငန်း ၊ တည်ဆောက်ရေးလုပ်ငန်းတွေ အတွက် ပိုမို efficiently ဖြစ်လာပါသည်။ ယခုအချိန်အခါမှာဆိုရင် လူတွေဟာ model & modeling ကို သူတို့လုပ်ငန်း နဲ့ သူတို့ရဲ့ ကမ္ဘာကြီး တိုးတက်ကောင်းမွန်အောင် Every Day အသုံးပြုနေကြပါပြီ။ အလားတူ Constructor တစ်ယောက်က သင်္ဘောတစ်စင်းရဲ့ Design ဆွဲမယ်ဆိုပါဆို့ design ရေးဆွဲမည့်သူသည် အလားတူ သင်္ဘောပုံစံငယ်တခု အရင် ရေးဆွဲဖန်းတီး ရပါသည်။ သီအိုရီအရ သင်္ဘောများကို ဒီဇိုင်းဆွဲတော့မယ်ဆိုရင် ကျယ်ပြန့်စွာ သုတေသန ပြုလုပ်ရမည့် အချက်အလက်များကတော့ floatability ၊ stability၊ floodability၊ roll၊ propulsion အစရှိသည့် များကိုလဲ modeling လုပ်ဖို့ လိုအပ်ပါသည်။ ပင်လယ်ထဲမှာ သင်္ဘောတစ်စင်းရဲ့ behavior ကို သုတေသန လုပ်ဖို့အတွက်ဆိုရင် တော့ Researcher တွေကတော့ physical model နှင့် mathematical model ကိုအသုံးပြုပြီး Simulation အရင်ပြုလုပ်ကြပါသည်။ Mathematical model သည် Natural sciences & engineering field တွင်သာလျှင်မဟုတ်ပဲ Social sciences တွင်လဲ ကယ်ပြန့်စွာအသုံးချနေပါသည်။ အဲဒီလိုနှင့် method of model (modeling) ဟာ သိပ္ပံဆိုင်ရာ သုသေသန လုပ်ငန်းတွေမှာ နေရာယူလာခဲ့ပါသည်။ အထူးသဖြင့် ဘယ်လို အခန်းကဏတွေမှာ ပါဝင်လဲဆိုရင်တော့ physics, chemistry, biology, cybernetics နှင့် မြောက်များစွာသော မဖော်ပြနိုင်သော Technical Sciences Fields တွေမှာပါဝင်လာပါသည်။ ဒါပေမယ့် အခုလို ပုံစံငယ်ပြုလုပ်ဆောင်ရွက်ခြင်းသည် ၁၉ ရာစု သိုမဟုတ် ၂၀ ရာစုမှာ တိကျသေချာသော နည်းလမ်း ၊ သိပ္ပံဆိုင်ရာ နည်းပညာများ အတွက် တီထွင်ဖန်တီးမူ တခုအနေနဲ့ မပေါ်ပေါက်ခဲ့ပါဘူး။ ၂၀ ရာစုမှာတော့ ပုံစံငယ်ဆောင်ရွက်ခြင်း နည်းလမ်းသည် အောင်မြင်မူ အသစ်အဆန်းတွေကို သယ်ဆောင်လာခဲ့ပါသည်။ အဲဒီလို အောင်မြင်မူတွေ တစ်ချိန်တည်းတစ်ပြိုင်တည်း သယ်ဆောင်လာပြီးနောက် လေးနက်သော အရေးကြီးသော စမ်းသပ်မူတွေ၊ သုတေသနလုပ်ငန်းတွေမှာ Modelling ပြုလုပ်ခြင်းကို ရှေ့တန်းတင် ဆောင်ရွက်လာခဲ့ပါသည်။ ယခုအချိန်အခါမှာတော့ အားလုံးသိပြီးဖြစ်တဲ့အတိုင်း တိုက်တာ အဆောက်အဦး၊ သင်္ဘော ၊လေယာဉ် အစရှိသည့် main object တွေကို ရရှိဖို့အတွက်ဆိုရင် အစဦး ပြုလုပ်ဆောင်ရွက်မှာသည် model ဆိုတဲ့ ပုံစံငယ်ကို အသုံးပြုဆောင်ရွက်ရမှာဖြစ်ပါသည်။ အထက်ပါဖော်ပြ ပုံကိုကြည့်ပါ Reality တစ်ခုရဖို့အတွက် sub-model တွေပါဝင်ဖွဲ့စည်းပြီး နိုင်းယှဉ် ဖော်ပြထားသည့် ပုံဖြစ်ပါသည်။
What is a model?
Model တစ်ခုဟာ ပုံသဏန်မျိုးစုံ ၊ အရွယ်အစားမျိုးစုံ ၊ ဒီဇိုင်းမျိုးစုံ နဲ့ ရှိလာနိုင်ပါတယ်။ Emphasize ဖြစ်ဖို့ အရေးကြီးပါသည် ဘာလို့လဲဆိုတော့ Model ဟာ Real world မဟုတ်ပါဘူး Real world systems ကို ပိုမိုနားလည် နိုင်အောင် လူသားတွေက construct လုပ်ထားရုံမျှသာဖြစ်ပါသည်။ ယေဘုယျအားဖြင့် model အားလုံးတွင် Information input ၊ Information processor နှင့် Output of expected results တွေရှိကြပါသည်။ ယေဘုယျအားဖြင့် Development ဖြစ်တဲ့ Model အချို့ရဲ့ အဓိက Features များကတော့
• simplifying assumptions must be made;
• boundary conditions or initial conditions must be identified;
• the range of applicability of the model should be understood.
Real world systems နှင့် compare လုပ်ဖို့ Type of Model တွေကတော့ Conceptual ၊ physical demonstrations ၊ mathematical and statistical နှင့် visualization တို့ဖြစ်ပါကြပါသည်။ ကျနော်တို့ အနေနဲ့ သိပံ္ပဆိုင်ရာ သုတေတန စမ်းသပ်မူ တစ်ခုခုကို စူးစမ်းလေ့လာတော့မယ်ဆိုရင် သက်ဆိုင်ရာ နယ်ပယ်အလိုက် အသုံးပြုရမည့် Model များစွာရှိကြပါသည်။ အခုစာစောင်လေးတွင် model ဆိုတာ ဘယ်လိုဘာလိမ့် ဆိုတာလေးကို စာဖတ်သူများ အနည်းကျဉ်းသိသွားအောင်ရေးသားဖော်ပြလိုက်ရပါသည်။ စာဖတ်သူအနေနဲ့ ကတိကအောင့် ဖြစ်ခဲ့မယ်ဆိုရင် စာရေးသူရဲ့ အားနည်းချက်ဖြစ်ကြောင်း ၀န်ခံပါရစေ။

No comments:

Post a Comment

Copyright 2008 ဗဟုသုတများတိုးပွားနိုင်ကြပါစေ . All rights reserved.

Template By: Hive Designs Ported By: Theme Lab. Blogger by akOOgle