Sunday 9 August 2009

to change Gtalk

Gtalk မှာပါတဲ့ အသံ၊ ပုံ၊ စာ တွေကို ပြောင်းကြည့်
File -> Open ( Ctrl+O) ကနေ
Destop ပေါ်မှာ copy လုပ်ထားတဲ့
googletalk.exe ကို ဖွင့်လိုက်ပါ ....


ပထမဆုံးအနေနဲ့ အသံတွေကို ပြောင်းကြည့်ရအောင်.......
WAVE title ကို ဖွင့်လိုက်ရင် 121 , 123,124,125,126 ဆိုတဲ့ ခေါင်းစဉ်အခွဲတွေ
ထပ်တွေ့ရပါလိမ့်မယ် ... ..

121 က တဖက်က ကိုယ့်ဆီကိုစာရိုက်လိုက်ရင် ကြားရတဲ့ အသံဖြစ်ပါတယ်...
125 က ကိုယ့်ကို voice call ရင်ကြားရတဲ့ အသံဖြစ်ပါတယ် ...

အဲ့ဒီ 125 ရဲ့ အသံကိုပြောင်းမယ်ဆိုရင်

Action -> Replace other resource ... -> Open file with new resource ကနေ
ကိုယ်ထည့်မယ့် အသံ (သို့) သီချင်းကိုဖွင့်လိုက်ပါ....

Resource Type မှာ WAVE ၊ Resource Name မှာ 125 ၊ Resource Language မှာ 0
ကိုဖြည့်ပြီး Replace ကို click လိုက်ပါ ..
ဒါဆိုရင် voice ခေါ်တဲ့ အခါကြားရမဲ့ အသံပြောင်းသွားပါပြီ ....

File -> Save လုပ်လိုက်တာနဲ့ Destop ပေါ်မှာ googletalk_original.exe ဆိုတဲ့ Gtalk
ဖိုင်တစ်ခုထပ်ပေါ်လာပါလိမ့်မယ် ..

googletalk.exe ဖိုင်က ကိုယ်ပြောင်းလိုက်တဲ့ Gtalk ဖြစ်ပါတယ် .....
googletalk_original.exe ကတော့ မူရင်း Gtalk ဖြစ်ပါတယ် .....

အဲ့ဒီနည်းနဲ့ WAVE ခေါင်းစဉ်အောက်မှာရှိတဲ့ အသံတွေအားလုံးပြောင်းလို့ရပါတယ် .....
( ကိုယ်ပြောင်းမယ့် အသံဖိုင် (သို့ ) သီချင်းဖိုင်က .wav ဖိုင်ဖြစ်ရပါမယ် ... Recording
စက္ကန့် 20 လောက်ဆိုရပါတယ် )

Gtalk မှာပါတဲ့ပုံတွေက တော့ Bitmap ဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိပါတယ် ...

ပုံပြောင်းနည်းတစ်ခုကို ရေးပြလိုက်ပါမယ် .....
တစ်ဖက်က စာရိုက်နေရင် ကိုယ့်မှာပေါ်တဲ့ Typing သင်္ကေတ ကို
တခြားပုံပြောင်းကြည့်ရအောင် ......

-Typing သကေင်္တ ပုံရှိတဲ့နေရာက Bitmap -> 6051 မှာရှိပါတယ်....
-ပြောင်းနည်းကတော့ ........
-Bitmap ခေါင်းစဉ်အောက်က 6051 ကိုဖွင့်ပြီး Action --> Replace
-Bitmap ... --> Open file with new bitmap ကနေ ကိုယ်ထည့်ချင်တဲ့ ပုံ ကိုထည့်ပြီး
-Replace ကို click လိုက်ပါ .....
ပြီးရင် File -> Save လုပ်လိုက်ရင် တစ်ဖက်က စာရိုက်နေတဲ့အခါ
ကိုယ့်မှာပေါ်မယ့် Typing သင်္ကေတ နေရာမှာ ကိုယ်ထည့်လိုက်တဲ့ပုံ ပေါ်နေပါလိမ့်မယ်.......
*ထည့်မဲ့ပုံက bmp ဖိုင်ဖြစ်ရပါမယ် ...... အရမ်းကြီးလို့မရပါဘူး ...
မူရင်း Typing သင်္ကေတ ပုံအရွယ်အစားလောက်ပဲဖြစ်ရပါမယ် ....
အဲ့ဒီနည်းနဲ့ Bitmap ခေါင်းစဉ်အောက်က ပုံတွေ ပြောင်းပစ်လို့ရပါတယ် ......

*Bitmap ခေါင်းစဉ်အောက်မှာရှိတဲ့ အချို့သင်္ကကေတပုံတွေ ရေးပြလိုက်ပါမယ် .....
6001 = Avaiable သင်္ကေတပုံ
6002= Busy သင်္ကေတပုံ
6003= Idel သင်္ကေတပုံ
5010= Gtalk left border
5011= Gtalk right border
5012= Gtalk bottom border
Gtalk မှာရှိတဲ့ စာတွေကို ပြောင်းလို့လည်းရပါတယ် ......
Gtalk က စာတွေအားလုံး String Table ခေါင်းစဉ်အောက်မှာ ရှိပါတယ် ...
ဥပမာ....
Username: ဆိုတဲ့နေရာမှာ အခြားစာပြောင်းမယ်ဆိုရင် String Table --> 95 ကို
ဖွင့်ပြီး Username ဆိုတဲ့နေရာမှာ ကြိုက်တာရေပြီး Compile Script ကို click ပြီး
File -->Save လုပ်လိုက်ရုံပါပဲ .. ...
ကျန်တဲ့ စာတွေအားလုံးကိုလည်း ဒီနည်းအတိုင်း အကုန်ပြောင်းကြည့်လို့ရပါတယ် ....

ကိုယ်ပြောင်းထားတဲ့ Gtalk နဲ့ တစ်ခုမက ဖွင့်ချင်တယ်ဆိုရင် ... ကိုယ်ပြောင်းထားတဲ့
Gtalk ကို Shortcut ထုတ်ပြီး
ထုံးစံအတိုင်း Properties ကနေ Target ဆိုတဲ့အကွက်ရဲ့ နောက်ဆုံးမှာ /nomutex ရိုက်ထဲ့ပြီး
ကြိုက်သလောက် အသုံးပြုလို့ရပါတယ် ......

No comments:

Post a Comment

Copyright 2008 ဗဟုသုတများတိုးပွားနိုင်ကြပါစေ . All rights reserved.

Template By: Hive Designs Ported By: Theme Lab. Blogger by akOOgle