Friday 7 August 2009

Create FTP Server

Network နှင့်ပတ်သက်လို့  ကိုယ်ပိုင် FTP(File Transfer Protocol)လေး တစ်ခု ဆောက်ကြရအောင် .… ဒီ FTP ဆိုတဲ့ Protocol ကိုမိမိစက်မှာ ဖန်တီး(သို့ )တည်ဆောက်ထားခြင်းဖြင့်
- ဖိုင်များအား Transfer လုပ်ရာတွင် လွယ်ကြူခင်း၊
- Upload လုပ်ရန်မလြိုခင်း၊
- Transfer rate မြန်ဆန်ခြင်း၊

လိုအပ်ချက်များမှာ
- Windows installation CD တစ်ချက်ရှိရမည်၊
- Public IP ဖြစ်ရမည်(192.168. နှင့်စသော IP များမဖြစ်ရပါ)၊
- Hard Disk 80GB နှင့်အထက်ဖြစ်ပါက ပို၍ကောင်းမည်၊
- Memory 512MB နှင့်အထက်ဖြစ်ပါက ပို၍ကောင်းမည်၊
- မိမိတင်ထားသော Windows မှာ XP ဆိုလျှင်လည်းရပါသည်၊
- Windows တင်မထားသော Partition တွင် FTP server တည်ဆောက်ရန်အတွက် Folder တစ်ခုဆောက်ပါ။

FTP စတင်တည်ဆောက်ပုံ
Setup လုပ်ခြင်း
- CD Rom ထဲတွင် Windows installation CD ထည့်ထားပါ၊
- Start >Settings>Control panel> add/remove programs ကိုဖွင့်
- ဘယ်ဘက်တွင် Add/remove Windows Components ကို Click
- Components box ကျရင် Scroll bar ဆွဲ၍ Internet Information Services(IIS) ကို Select မှတ်ပြီး Details ကို Click
- ပြီးရင် File Transfer Protocol(FTP)Service ကို Select မှတ် Ok နိုပ်
- Next ကိုဆက်နိုပ်ပြီး loading ပြီးအောင်စောင့် ပြီးရင် Finish နဲ့ ထွက်

Configuration လုပ်ခြင်း
- Control panel ထဲက Administrative Tools ဖွင့်
- Internet Information Services ကိုရှာပြီးဖွင့်
- ဘယ်ဘက်အခြမ်းထဲက Tree pane မှာ
+ ပုံလေးနဲ့ မိမိcomputer name ကိုတွေ့ ရင် Click
+ ပုံလေးနဲ့  FTP Sites ကိုတွေ့ ရင်ထပ် click
Default FTP Site ကို right click နိုပ် New > FTP Site ကို Click
Welcome wizard ကျလာရင် Next ကိုနိုပ်
Description box ထဲမှာ နှစ်သက်ရာအမည်ပေး Next ကိုနိုပ်
IP address နဲ့ Port က default အတိုင်းထား Next ကိုနိုပ်
Do not isolate users ကိုရွေး Next ကိုနိုပ်
မိမိစက်တွင်းရှိ FTP folder တည်ဆောက်ထားတဲ့ လမ်းကြောင်းကို ရွေး Next ကိုနိုပ်
Read ရော write ရော အမှန်ခြစ်ပေး Next ကိုနိုပ်
Finish ကို နိုပ် ဒါဆို FTP Server တည်ဆောက်တာ ပြီးပါပြီ

သုံးစွဲနည်း
- မိမိ အနေနှင့် အခြားသူအား ဖိုင်ပေးလိုလျင် မိမိတည်ဆောက်ထား သော Folder အတွင်းသို့  Copy and Paste လုပ်ပေးရုံသာဖြစ်သည်၊
- အခြားသူများမှ မိမိ၏ဖိုင်အား လိုအပ်လျှင် သူတို့ ၏ address bar ၌ မိမိ၏ IP အမှတ်ရှေ့ တွင် ftp://.... ဟူ၍(ဥပမာ- ftp://165.123.12.2)ရိုက်ထည်ြ့ပီး enter ခေါက် ရြုံဖင့် မိမိ၏ folder ပွင့်လာပြီး လိုအပ်သော files များအား အလွယ်တကူ ယူနိုင်မည်ဖြစ်ပါသည်။

No comments:

Post a Comment

Copyright 2008 ဗဟုသုတများတိုးပွားနိုင်ကြပါစေ . All rights reserved.

Template By: Hive Designs Ported By: Theme Lab. Blogger by akOOgle