Friday 7 August 2009

Ip ပေးပုံ

Network တစ်ခုမှာ IP ပေးပုံပေးနည်းတွေကတော့ မတူနိုင်ပါဘူး
IP တွေရဲ့ ဖွဲ့ စည်းပုံတွေကိုသိတယ်ဆိုရင် Network တစ်ခုရဲ့  အခြေအနေကိုလိုက်ပြီး IP ကိုပေးတာတို့ ဘာတို့ လုပ်ကြတာပါ
အဲဒီတော့ IP အကြောင်းလေးတွေနဲ့  Network အမျိုးအစားလေးတွေကို ကျနော်နားလည်သလို ပြောပြပါရစေ
IP အမျိုးအစားများ
- Public IP ရယ်
- Private IP ရယ်ဆြိုပီး နှစ်မျိုးရှိပါတယ်

Network အမျိုးအစားများ
- LAN (Local Area Network)ရယ်
- WAN (Wide Area Network)ရယ် ဆြိုပီး နှစ်မျိုးရှိပါတယ်(ကျန်တာတွေကိုတော့ ထည့်မပြောတော့ပါဘူးဗျာ)

- LAN Network ဆိုတာက အဆောက်အဦးတစ်ခုအတွင်း(သို့ )အခန်းတစ်ခုအတွင်းမှာရှိတဲ့ compute တွေကို RJ45 ကြိုးနဲ့ တဆက်တည်း ချိတ်ဆက်ထားတဲ့ Network မျိုးကို ပြောတာပါ(Switch ခံပြီး ချိတ်ဆက်ထားလည်း ရပါတယ်)
-WAN Network ဆိုတာက LAN Network တွေ တစ်ခုနဲ့ တစ်ခု ဆက်သွယ်ထားတဲ့ Network မျိုးကို ပြောတာပါ


IP ထည့်သွင်းပုံ
- LAN Network မှာဆိုရင် Private IP တွေကို ထည့်သွင်းပါတယ်
- WAN Network မှာဆိုရင် Public IP တွေကို ထည့်သွင်းပါတယ်

IP ဖွဲ့ စည်းပုံ
IP တစ်ခုမှာ 4 Octet ရှိပါတယ် (ဥပမာ- 192.168.1.50)
192 = first Octet
168 = Second Octet
1 = Third Octet
50 = Fourth Octet
အဲဒီလို Octet 4 ခုရှိတဲ့အထဲမှာ first Octet ကြိုကည်ြ့ခင်းဖြင့် Public IP လား /Private IP လားဆိုတာကို သိနိုင်ပါတယ်

နောက်တစ်ခုပြောချင်တာက IP မှာ Class 3 ခုရှိပါတယ်(A class /B class /C class)D,E class ကိုတော့မပြောတော့ပါဘူး
1 မှ 126 အထိက A class ပါ( First Octet ကိုပြောတာပါ)
128 မှ 191 အထိက B class ပါ ( First Octet ကိုပြောတာပါ)
192 မှ 233 အထိက C class ပါ ( First Octet ကိုပြောတာပါ)

အဲဒီလို Class တွေကိုနားလည်ပြီဆိုရင် အဲဒီ Class တွေထဲက private IP တွေကို ပြောပြပါရစေ
- First Octet က 10 နဲ့ စတာဆိုရင် private IP ပါ
- First Octet က 172 နဲ့ စတာဆိုရင် private IP ပါ
- First Octet က 192 နဲ့ စတာဆိုရင် private IP ပါ
- First Octet က 169 နဲ့ စတာဆိုရင် private IP ပါ (DHCP ကို server တွေက fail ဖြစ်တဲ့အခါ Autoပေးတာပါ)
First Octet က 127 နဲ့ စတာဆိုရင် private IP ပါ (မိမိစက်ကို Localhost လုပ်တာပါ)

အဲဒီလို Private IP တွေကိုသိတယ်ဆိုရင် မိမိတို့ ရဲ့ LAN Network ပေါ်မူတည်ပြီး ကိုယ်သုံးချင်တဲ့ Private IP အုပ်စုကိုသုံးတာပါဘဲဗျာ
အဓိက က ကိုယ်သုံးမယ့် PC အရေအတွက်နဲ့ ကိုယ်ယူလိုက်တဲ့ Private IP အုပ်စုက ကိုက်ညီဖို့ လို တာပါ
- ကိုယ့်ရဲ့ LAN Network မှာ computer 254 လုံးအောက်ရှိတယ်ဆိုရင် 192 နဲ့ စတဲ့ Private အုပ်စုကို ယူသင့်ပါတယ်
- ကိုယ့်ရဲ့ LAN Network မှာ computer 255 လုံးနှင့် အထက်ရှိတယ်ဆိုရင် 172 နဲ့ စတဲ့ Private အုပ်စုကို ယူသင့်ပါတယ်
- ကိုယ့်ရဲ့ LAN Network မှာ computer အလုံး ၆ သောင်းကျော်လောက်ရှိတယ်ဆိုရင် 10 စတဲ့ Private အုပ်စုကို ယူသင့်ပါတယ်

အဲဒီတော့ Class တွေထဲက Private IP တွေကို ဆွဲထုတ်လိုက်ပြီး ကျန်တဲ့ IP တွေကတော့ Public IP တွေပါဘဲဗျာ။

No comments:

Post a Comment

Copyright 2008 ဗဟုသုတများတိုးပွားနိုင်ကြပါစေ . All rights reserved.

Template By: Hive Designs Ported By: Theme Lab. Blogger by akOOgle