Sunday 9 August 2009

Cmd Dos Command


Run Box မှာ cmd ရိုက်ထည့်လိုက်မယ်
C Directory ကိုသွားမယ်ဆို C: , D ဆိုရင် D: စသည့်ဖြင့်ပေါ့ ....

ပထမဆုံးပြောရရင် .. cmd ကိုစခေါ်လိုက်တာနဲ့ စမြင်ရမှာက
C:\Documents and Settings\user name> ပါ ...
အဲဒီ Directory မှာ ဘယ် Folder တွေပါလည်း ကြည့်ချင်ရင်

dir /a နဲ့ ကြည့်ရပါတယ်

အဲဒီ့ Directory တစ်ခုထဲက Folder ကို ဖွင့်ချင်ရင်
cd ခံထားပြီး မိမိဖွင့်ချင်တဲ့ Folder Name (ဥပမာ။ ။Desktop)ပေးပြီး ဖွင့်ရပါတယ်
C:\Documents and Settings\user name\Desktop>

ထို Folder မှ ပြန်ထွက်ချင်ရင် cd.. ရေးပြီး ပြန်ထွက်ရပါမယ်

Hidden ဖြစ်နေတဲ့ Folder (သို့) File ကို unhidden ပေးချင်တယ်ဆိုရင်
Folder Option ကနေ virus ကိုက်တယ်ဆို show hidden folder ပေးလည်း မရတာတွေရှိပါတယ်

attrib -H /S /D "c:\......\folder name"

hidden ဖြစ်နေတဲ့ Folder (သို့) File ရှိတဲ့ Directory အပြည့်အစုံကို /D နောက်ကနေ
ဆက်ရေးပေးရပါတယ်

Directory တစ်ခုမှာရှိတဲ့ folder ထဲက files တွေကို တခြား Directory တစ်ခုမှာရှိတဲ့
folder ထဲကို ပြောင်းရွှေ့ကူးယူချင်တယ်ဆို ...
မိမိပြောင်းပေးချင်တဲ့ Directory ကိုအရင်ဖွင့်ပေးရပါတယ် (ဥပမာ။ ။ C: ထဲက Desktop ကိုရွှေ့မယ်ဆို C:\Documents and Settings\user name\Desktop>
လို့ အရင်ဖွင့်ပေးလိုက်ပါ။
နောက်မဆက်ပြီး ကူးယူချင်တဲ့ Directory မှ folder ကိုရေးပေးရပါတယ်

xcopy /a "e:\foler name" ဟုရေးပေးရပါမယ် ...

၂ခုပေါင်းကိုကြည့်မယ်ဆိုရင်တော့
C:\Documents and Settings\user name\Desktop>xcopy /a "e:\foler name"

အခု ကူးယူတာက unhidden files တွေကိုပဲ ကူးယူးတာပါ။
hidden files တွေကိုကူးမယ်ဆိုရင်တော့ /h ထည့်ပေးရုံပါပဲ

xcopy /h /a "e:\foler name" ဟုရေးပေးလိုက်ပါ...

အခုက files ကိုပဲကူးတာပါ ...

င်္Folder အလိုက်ကူးမယ်ဆိုရင်တော့ /s ကိုအသုံးပြုရပါတယ်

xcopy /s "e:\folder name" လို့ရေးပေးရပါတယ်။
ဒါကလည်း hidden မဖြစ်တဲ့ folder ကိုကူးတာပါ
hidden folder ကိုကူးမယ်ဆိုရင်တော့ /h ကိုပဲထည့်ရပါတယ်

xcopy /h /s "e:\foler name" လို့ရေးပေးရပါတယ် ...

အဲဒီလိုကူးယူတဲ့ အချိန်မှာ CMD box မှာ ကူးယူးတဲ့ files တွေ run တာကိုပြပါတယ် အဲဒီလို မပေါ်ချင်ရင်တော့ /Q ထည့်ပေးရပါတယ်

xcopy /h /q /s "e:\foler name" လို့ရေးပေးရပါတယ် ...

No comments:

Post a Comment

Copyright 2008 ဗဟုသုတများတိုးပွားနိုင်ကြပါစေ . All rights reserved.

Template By: Hive Designs Ported By: Theme Lab. Blogger by akOOgle