Tuesday 4 August 2009

To close Indexing Services

ဒီဆားဗစ်က ကျနော်တို့ရဲ့စက်ထဲမှာရှိတဲ့ ဖိုလ်ဒါတွေ၊ ဖိုင်တွေရဲ့စာရင်းကို စနစ်တကျ စုစည်းပေးတဲ့ ဆားဗစ်တစ်ခုပါ။ ကျနော်တို့ ဖိုင်တစ်ဖိုင်ကို ရှာတဲ့အခါတိုင်း စက်ထဲမှာရှိသမျှ ဖိုင်တိုင်းကိုလိုက်စစ်စရာမလိုဘဲ တည်ဆောက်ပြီးသား index list မှာရှာခြင်းအားဖြင့် မြန်မြန်ရှာတွေ့စေပါတယ်။ ဆိုးတာက သူက system resourse တော်တော်များများကို သုံးတာပါပဲ။ ကျနော်တို့ ဖိုင်(သို့)ဖိုလ်ဒါတစ်ခုခုကို ပြင်ဆင်တိုင်း သူကအမြဲနောက်ကွယ်ကနေ indexing and updating လုပ်နေပါတယ်။ ကျနော်တို့က ဖိုင်တွေကို အမြဲရှာဖွေမနေရင်၊ မှတ်မိနေရင်(ဦးနှောက်ကောင်းရင်ပေါ့ဗျာ) ဒီဆားဗစ်မလိုပါဘူး။ ရံဖန်ရံခါ ရှာဖွေဖို့လိုအပ်ရင်တောင် ဒီဆားဗစ်ကို ပိတ်ထားလို့ရပါတယ်။ သူ့ကိုအပြီး uninstall လုပ်ချင်ရင်....
၁. Start ကို သွားပါ။
၂. Setting ကိုရွေးပါ။
၃. Control Panel ကိုရွေးပါ။
(ဒါမှမဟုတ် Windows key + R နှိပ်ပြီး ပေါ်လာတဲ့ Run box ထဲမှာ control လို့ ရိုက်ပြီး Enter ခေါက်ရင်လည်းရပါတယ်)
၎. Add or Remove Programs ကို ဖွင့်ပါ။
၅. Add/Remove Windows Components ကို ရွေးပါ။
၆. Indexing Services check box က အမှန်ခြစ်ကို ရှင်းပစ်ပါ။ )
၇. Next ကိုရွေးပါ။

No comments:

Post a Comment

Copyright 2008 ဗဟုသုတများတိုးပွားနိုင်ကြပါစေ . All rights reserved.

Template By: Hive Designs Ported By: Theme Lab. Blogger by akOOgle