Friday 7 August 2009

Using Net share

ကွန်ပျူတာနှစ်လုံး ရှိတဲ့ထဲမှာ နဂိုနက်သုံးနေတဲ့ စက်မှာ bulid in ပါလာတဲ့ NIC အပြင် အပိုတစ်ချောင်း ထပ်စိုက်လိုက်ပါ။ found new hardware ဆိုပြီး ... ကွန်ပျူတာ ပုံလေးကို တွေ့ရမှာပါဗျာ။

အင်တာနက်ရတဲ့စက်မှာ ...

=> Start >Setting> Network Connections ကိုသွားပါ။ ကျနော်တို့ စက်မှာ ကွန်ပျူတာ ပုံလေးနှစ်ခုတွေ့ရမှာ ဖြစ်ပါတယ်။ ဒီတော့ NIC ကဒ်နှစ်ခုကို ရူပ်မသွားရလေအောင် လက်ရှိအင်တာနက် ရနေတဲ့ စက်ကို in လို့ နာမည်ပေးလိုက်မယ် ဗျာ။ နာမည် ကြိုက်တာ ပေးလို့ရပါတယ်။ အလွယ်တကူသိရအောင်လို့ ပါ။ အသစ်ထပ်တပ်လိုက်တဲ့ NIC ကိုတော့ out လို့ ပေးလိုက်မယ်ဗျာ။

=> Start >Setting> Network Connections ကို ဖွင့်လိုက်ပါ။ ပြီးရင် ကျနော်တို့ ထားခဲ့တဲ့ in ကို ထပ်ဖွင့်ပါ။ Properties> Advanced ကို ဆက်သွားပါ။ ဒီနေရာက Allow other network users to connect .... ဆိုတာကို အမှန်ခြစ်ပေးလိုက်ပါ။


ဒါဆိုရင် in အတွက် အဆင်ပြေသွားပါပြီ။
ဒီတော့ ကျနော်တို့ ဒီစက်မှာပဲ ကျနော် တို့နာမည်ပေးခဲ့တဲ့ out ကို ip ပေးပါမယ်။ အဆင်ပြေတဲ့ ip class နဲ့ ပေးလိုက်ပါ။ ip ကတော့ 2>254 အတွင်းက ကြိုက်တဲ့ ip no ကို ပေးလိုက်ပါ။ ခုပေးမဲ့ ip no ကို ကျနော်တို့ ပြန်ခွဲပေးမယ့် တခြားစက်တွေရဲ့ Default gateway : မှာ ဖြည့်ရမှာ ဖြစ်ပါတယ်။ ကျနော် ကတော့ ...
Click this bar to view the full image.

DNS server address က နှစ်ခုရှိရင် နှစ်ခုလုံးဖြည့်လိုက်ပါ။
ခုလုပ်တာတွေ အားလုံးက အင်တာနက်ရနေတဲ့ စက်မှာ ဖြစ်ပါတယ်။

ခွဲသုံးမဲ့စက်မှာ
ဒီမှာတော့ ထုံးစံအတိုင်း Start >Setting> Network Connections ကို ဖွင့်လိုက်ပါ။ ဒီမှာတော့ ရောစရာ NIC မရှိတဲ့ အတွက် နာမည် မပြောင်းတော့ပါဘူး။

> computer icon> Properties> Internet Protocol (TCP/IP ) ကို ဆက်သွားပါမယ်။
ဒီမှာတော့ ကျနော် ip no 254 လို့ပေးလိုက်ပါတယ်။

ဒီမှာ အရေးကြီးတာက အင်တာနက်ရနေ တဲ့ စက်က out ရဲ့ ip address ကို ဒီမှာ Default gateway: မှာ ထည့်ထားတာကို သတိပြုစေချင်ပါတယ်။ DNS ပါထည့်ထားပါတယ်။

=> တကယ်မလို့ hub (or) switch များရှိလို့ ရှိရင် ကွန်ပျူတာကလည်း နှစ်လုံးထက် ပိုပြီး သုံးချင်သေးတယ် ဆိုရင် hub (or) switch ကို power on ပြီး အင်တာနက်ရနေတဲ့စက် ကကျနော်တို့ သတ်မှတ်ခဲ့တဲ့ out ဆိုတဲ့ NIC ကကြိုးကို hub (or) switch မှာ တပ်ပါ။ ပြီးရင် Straight-through Cable နည်းနဲ့ hub (or) switch ကနေ သုံးချင်တဲ့ စက်ကို တပ်လိုက်ပါ။ ip address ကတော့ ခွဲသုံးမယ့်စက်မှာ ပေးခဲ့တဲ့ အတိုင်း ပေးလိုက်ပါ။ series လိုက်ပဲပေးပေး random ပဲပေးပေးရပါတယ်။ အင်တာနက် speed ကောင်းရင် စိတ်ကြိုက်တာ ခွဲချလိုက်ပါဗျာ။ speed နှေးနေတာကို ထပ်ခွဲရင်တော့ အင်း လိပ် ကို ပတ်လက်လန့်ထားသလို ...
ကျနော် ပြောခဲ့တာ က peer to peer network ဖြစ်တဲ့ အတွက် ---
အကျဉ်းချူပ်ပြောရမယ်ဆိုရင် ဗဟိုထိန်းချုပ်မူ့ မရှိပါ။ ကွန်ပျူတာ အချင်းချင်း resource တွေကို ကြိုက်သလို ရှယ်ပေးနိုင်သလို ကြိုက်သလို ယူသုံးနိုင်ပါတယ်။ security ပိုင်းမှာလည်း ဗဟိုထိန်းချူပ်မူ့ မရှိပါဘူး။

No comments:

Post a Comment

Copyright 2008 ဗဟုသုတများတိုးပွားနိုင်ကြပါစေ . All rights reserved.

Template By: Hive Designs Ported By: Theme Lab. Blogger by akOOgle